equality doesn’t mean justice

 

Equality-doesnt-mean-justiceI am just reposing this cartoon in Burmese language. I hope that people from Burma have better understanding of equality and justice after looking at this picture.

Advertisements
Image | Posted on by | Tagged , , | Leave a comment

မိသားစု နာမည်

မင်းနာမည် ဘယ်လိုခေါ်လဲ။
ငြိမ်းချမ်း။
မိသားစု နာမည်ကော။ (family name)
မရှိဘူး။
တကယ်…
တကယ်ပေါ့။
ငါတို့ တိုင်းပြည်ကလူတွေ မှာ မိသားစု နာမည် မရှိဘူး။ (family name)

အဲဒါပါပဲ။ မိသားစု နာမည် မရှိလို့ မင်းတို့ ယောက်ျား မိန်းမယူရင် အမျိုးတော် မတော် ဘယ်လို ခွဲကြလဲ ဆိုတာ မေးခံရတာလည်း အကြိမ်ပေါင်းမနည်းပါဘူး။ ငါတို့ ဒီလို ပဲ သိတာပေါ့ လို့ ဖြေခဲ့ရ ပေါင်းလည်း မနည်းပါဘူး။ အနောက်တိုင်း ထုံးစံ၊ တရုတ် ထုံးစံ၊ အိန္ဒိယ ထုံးစံ တွေ အရ မင်္ဂလာဆောင်ပြီးရင် မိန်းမ ရဲ့ မိသားစု နာမည် ကို ဖြုတ်ပြီး ယောက်ျားဘက်က မိသားစု နာမည်ကို ယူကြတာ ထုံးစံပါ။ ဥပမာ ဂျွန် စမစ် (John Smith) (John= first name (or given name) , Smith= family name or last name or surname) ဆိုတဲ့ ယောက်ျား ကို ယူတဲ့ မိန်းမဟာ သူရဲ့ မိသားစု နာမည် ကို ဖြုတ်ပြီး စမစ် (Smith) နဲ့ အစားထိုးပါတယ်။ နောင် သူတို့ နှစ်ဦးက ပေါက်ဖွားလာတဲ့ ခလေး တွေကို ယောက်ျားဘက် က မိသားစု နာမည် ကိုသာ ပေးကြ၊ ယူကြတာများပါတယ်။ လွန်ခဲ့တဲ့ မြေရှင် ပဒေသရာဇ် ခေတ်တွေ မှာဆိုရင် အဲဒီ မိသားစု နာမည် တွေကလည်း သူတို့ ရဲ့ အလုပ်အကိုင် နဲ့ ဆက်နွယ်နေတတ်ကြပါတယ်။ ဥပမာ စမစ် (Smith) ဆိုရင် ဒီလူဟာ ပန်းပဲ ထုတဲ့ လူဖြစ်မယ်။ အဲဒီ မျိုးရိုးက ဆင်းသက်လာတယ် လို့ ယေဘူယျ နားလည် နိုင်ပါတယ်။ ယခု လက်ရှိမှာတော့ အဲဒီ ဓလေ့ ထုံးတမ်း တွေ ကို လိုက်နာတဲ့ သူတွေ ရှိသလို၊ မလိုက်နာတဲ့ သူတွေလည်း အများကြီး ရှိလာပါတယ်။ စမစ် (Smith) ပန်းပဲ ထုတဲ့ မျိုးရိုးက နေ ရှေ့နေ၊ ဆရာဝန်၊ ဆရာ၊ ဆရာမ စသည့်ဖြင့် လုပ်ကိုင်ကြတဲ့ စမစ် (Smith) တွေလည်း အများကြီးပါ။

အဲဒီလို ရှေ့နာမည်၊ နောက်နာမည် (First name, Last name) ခွဲတဲ့ အပြင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲထားပြီး အလုပ်အကိုင်တွေကိုပါ မျိုးရိုးအလိုက် သတ်မှတ်ထားခဲ့ဖူးတဲ့ အိန္ဒိယမှာ ဆိုရင် ယခုခေတ် ဥပဒေတွေ နဲ့ ထုတ်ပြန်ပြီး အဲဒီလို ခွဲခြားမှုတွေ တားမြစ်ထားရပါတယ်။ အဲဒီလို တားမြစ်ထားတာတောင်  ခွဲခြားမှုတွေ ဆက်လက် ရှင်သန်နေပါတယ်။ လူတစ်ယောက် ကို မြင်ဖူးစရာ မလို နာမည် ကြားလိုက်တာ နဲ့ ဟာ ဒီကောင် က ဘာမျိုးရိုး၊ဘယ် ဇာတ်က ဖြစ်ရမယ်။ ဒီကောင်တွေ မျိုးရိုးက ဘယ်လို အကျင့်ကောင်းတယ်၊ မကောင်းဘူး စတဲ့ တယူသန် အမြင်တွေ နဲ့ ဆုံးဖြတ်တာမျိုးကို  ရှေ့နာမည်၊ နောက်နာမည် တွေ မရှိတဲ့ မြန်မာပြည်မှာ အဲဒီလို ကြိုတင် ဆုံးဖြတ်ထားတတ်တဲ့ အကျင့် မျိုးနည်းပါတယ်။ နောက်ပြီး ခတ္တိယ (Kshatriyas) (မင်းမျိုး၊မှူးမတ်မျိုး) နဲ့ ပုဏ္ဏားမျိုး (Brahmins) တို့ဟာ ကုန်သည်မျိုး၊ လက်လုပ်လက်စားမျိုး၊ နဲ့ သူတောင်းစားမျိုး (သို့) သုဘရာဇာမျိုး တို့ နဲ့ လက်ထပ်လေ့ မရှိပါဘူး။ အဆိုပါ ဓလေ့ဟာ မြေရှင် ပဒေသရာဇ် ခေတ်မှာ ကျန်ရစ်ခဲ့ သင့်ပေမဲ့ လူတို့ရဲ့ ဓလေ့ ထုံးတမ်းတွေကို ခင်တွယ် စိတ်တွေ ကြောင့် တနည်းတဖုံ ဆက်လက် ကျင့်သုံးနေကြပါတယ်။

အဲဒီလို ခွဲခြားမှု ဓလေ့တွေ ရှိတဲ့ မြေမှာ ဗုဒ္ဓ နဲ့ သူရဲ့ တရားတော်တွေ ပေါ်ထွက်လာတာ ဟာ ခေတ်စကား နဲ့ ပြောမယ်ဆိုရင် တော်လှန်ရေး ကြီးတစ်ခုပါ။ အယုတ်အလတ် အမြတ်မရွေး ရဟန်းပြုပေးခဲ့တာ၊ တရားဟောခဲ့တဲ့၊ မေတ္တာထားတာ၊ ယခင် ရှိခဲ့တဲ့ အယူဝါဒတွေ ကို အင်အားနဲ့ တိုက်ခိုက်ခြင်း မပြုခဲ့တာတွေကို ကြည့်ခြင်းအား ဖြင့် ဗုဒ္ဓ ရဲ့ အဆုံးအမတွေ ဟာ လူသားအားလုံး အတွက် ဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။ အဲဒီလို အစဉ်အလာ ကောင်းတွေ ရှိခဲ့တဲ့ ဗုဒ္ဓ အဆုံးအမ ကို မျက်ကွယ်ပြုပြီး အခုခေတ်ကျ မှ အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်ရှောက်မယ့် ဥပဒေ ပြဋ္ဌာန်း ဖို့ ရဟန်းတော်များက ဦးဆောင်ပြီး ကြိုးပမ်းတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ အမျိုး၊ဘာသာ၊ သာသနာ ကို စောင့်ရှောက်ဖို့ အတွက် မွတ်စလင် ဆိုင် က မဝယ်ဖို့ တိုက်တွန်းတာ လည်း မဖြစ်သင့်ပါဘူး။ မေတ္တာသုတ်ရွတ်တဲ့ အခါ အရပ် ဆယ်မျက်နှာ၌ ရှိသော သတ္တဝါတွေ ဘေးကင်းဖို့၊ ဒေါသကင်းဖို့၊ ချမ်းသာဖို့၊ နှလုံးစိတ်ဝမ်းအေးချမ်းဖို့ ရွတ်တဲ့ လူများဟာ မူစလင် ကုလား မပါ လို့ ထည့် ရွတ်ခိုင်းသလို ဖြစ်နေပါတယ်။

အမေရိကန် ဥပဒေ ပညာရှင် တစ်ယောက် ရဲ့ စကားကို ကိုးကားရရင် မြန်မာ နဲ့ အမေရိကန် ဥပဒေ ကွာခြားချက် က အမေရိကန် မှာ လူတစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ် ဥပဒေ က မတားမြစ်ထားသမျှ အကုန်လုပ်ခွင့် ရှိပြီး မြန်မာပြည်မှာတော့ ဘာဘဲလုပ်လုပ် ခွင့်ပြုချက်ရမှ လုပ်ရမယ့် ဥပဒေတွေ ကြီးပဲ ဆိုတာ ထောက်ပြသွားပါတယ်။ အခုလက်ရှိ ကြိုးပမ်းနေတဲ့ အမျိုးစောင့် ဥပဒေကလည်း ခွင့်ပြုချက်ရမှ လက်ထပ်ရမယ့် သဘောကို ကျင့်သုံးမယ့် ပုံစံမျိုးဖြစ်နေပါတယ်။ မိသားစု နာမည် ကို တောင် (နာမည်ကြီးများမှ လွဲ၍ − ဥပမာ အောင်ဆန်း၊ လက်ျာ၊ ဘမော် စသည်ဖြင့်) ထိန်းသိမ်းကြတဲ့ ဓလေ့၊ မျိုးရိုး ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု မရှိခဲ့တဲ့ မြန်မာ့ ထုံးတမ်း ဓလေ့ များကို ထိန်းသိမ်းရမယ့် အစား အများသူငှာ က ဥပဒေတွေ ထုတ်ပြီး တားမြစ်နေတဲ့ ဓလေ့ ထုံးတမ်းတွေကို ကျင့်သုံးဖို့ ကြိုးပမ်းနေတာကတော့ တော်တော်ကြီး ကို လွဲနေတယ်လို့ ပဲပြောပါရစေ။ ရည်ရွယ်ချက်တော့ ကောင်းပါရဲ့ လုပ်နည်း လုပ်ဟန် လွဲနေတယ်လို့ ပဲ ပြောရပါစေ။ အမျိုး၊ ဘာသာ၊ သာသနာ ကို ဘယ်လို နည်းမှန် လမ်းမှန် နဲ့ စောင့်ရှောက် ရမလဲ ဆိုတာက တော့ နောက်များမှ ပဲ သတ်သတ်ရေးပါရစေ။ ဒီနေ့ တော့ မလုပ်ရမယ့် နည်းလမ်းများကို သိပြီး ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဗုဒ္ဓကတော့ လူမိုက်ရှောင် မင်္ဂလာ လို့ ဟောသွားပါလေရဲ့။

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , , | Leave a comment

Three reasons why Buddhist monks should not participate in power politics

Power politics involves voting, electing the representatives and canvassing.

Fact – 2008 Myanmar constitution barred Buddhist monks from voting in any election.*

Some people may argue that it is not fair to bar “members of religious orders” from voting because they are also citizen, I would like to give three reasons to support the barring.

 1. Monks are not taxpayers. The American revolution starts with “no taxation without representation” notion. It is fair to claim that people, who pay taxes, can make decisions by themselves for themselves that are going to affect their lives. However, it is not fair to claim representation or ability to elect a representative in the governing body or any structure of governing body by non-taxpayers. Monks, Sangha and religious institutions are mostly non-profit, therefore, non-taxable, in any countries. Simple solution for monks who want to partake in power politics is to become human. Pay your taxes, live your life like a human being, and as a result you should be able to choose who can govern you.

2. Ultimate goal for Buddhist monks is to attain enlightenment. Also, that should be the goal for every Buddhists. At least that is what I was told when I was learning about Abhidhamma Pitaka. If I am wrong, please correct me. If I am right about this goal, let me make this statement – monks have nothing to do with power politics. One of the monks (Venerable Mya Zayti monk at the convention of interfaith marriage prohibition law) recently threatened that he would make sure those parties and members of parliaments, who voted against ratifying the interfaith marriage prohibition law, would not be elected again in 2015. (lucky that voting in the Burmese parliaments is secret) This statement is at odd with every teachings of Buddha to have loving kindness for all people. For this reason, Buddhist monks should not participate in power politics.

3. Religious group’s direct influence on power politics will complicate the decision making process. There are many examples for this. The refusal of evolution theory, heliocentric model and contraception would portray how decision making could be complicated by the religious ideas. I have read so many similar claims made by religious leaders and books alike that this is the word of God or universal truth but not in scientific findings by scientists. Anyone can prove and disprove of any scientific findings but not with God’s words or Buddha’s teachings. Or at least, that is what religious people dispute. When you question a monk’s action or Buddha teaching or events in Buddha’s life, the usual answer you would get is that your earthling intelligence is not adequate to understand those immensely deep words or concepts or events. I wonder what happened to Kalama Sutta, in which Buddha suggested that “ when you yourselves know: “These things are good; these things are not blamable; these things are praised by the wise; undertaken and observed, these things lead to benefit and happiness,” enter on and abide in them”.

Of course, those are my normative values. Although some may resist direct influence from religions, it seems that indirect influence of religions are ingrained in our DNA. Even a world-renowned and respectable leader like Aung San Suu Kyi used Buddha teaching of “Dukkha”, which means “suffering” in Pali text, in her Nobel peace reception lecture. I am sure you will find many instances of religious inferences in political contexts such as “In God we trust”, “so help me God” , “All men are created equal”, etc. By looking at these examples, I come to conclude that monks can influence people indirectly through Buddha’s teachings although they might not be and should not be able to vote directly in the election. In my humble opinion, indirect way is wiser comparing to direct involvement in power politics for Buddhist monks. I may have to think deeper why I think that way and write more about it later. Any suggestions and comments are welcomed.

 

Additional information to clarify.

 

http://www.kamayutmedia.com/2013/06/27/buddhist-monk-warns/

http://en.wikipedia.org/wiki/Kalama_Sutta

http://www.youtube.com/watch?v=HUPfkNXpZvQ  Aung San Suu Kyi’s nobel peace prize lecture, check at 19 minutes.

http://www.burmalibrary.org/docs09/Myanmar_Constitution-2008(en&bu)-red.pdf *(chapter 9, election, number 392 (A), page 337)

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , , | Leave a comment

လူ့အခွင့်အရေး ဆိုတာ

click for PDF file here

​လူ့အခွင့်အရေး ဆိုတာ အများပိုင် ပစ္စည်းနဲ့ တူပါတယ်။ အခြားအများပိုင် ပစ္စည်းများဖြစ်တဲ့ သန့်ရှင်းသောလေ၊ တစ်နိုင်ငံလုံးအတွက် အခမဲ့ ထုတ်လွှင့်ပြသသော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ တစ်နိုင်ငံလုံး အတွက် အကာအကွယ်ပေးသော စစ်တပ် တို့ ဟာ သဘော သဘာဝ တူညီပါတယ်။ အများပိုင် ပစ္စည်းများရဲ့ သဘော သဘာဝဖြစ်တဲ့ မည်သူမဆို ရယူ သုံးစွဲပိုင်ခွင့်ရှိ ခြင်း၊ မိမိရယူ သုံးစွဲလိုက်သော ကြောင့် အခြား သူ အတွက် နစ်နာမှု မရှိခြင်း စတဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံပါတယ်။ သန့်ရှင်းသော လေ ကို မည်သူ့ မဆို ကြိုက်သလောက် ရှု၊ ကြိုက်သလောက် သုံး ခြင်းဖြင့် အများသူငှာ ထိခိုက်ခြင်း မရှိသော်လည်း ၎င်း လေ ညစ်ညမ်း အောင် လုပ်နိုင်စွမ်း လူသားတိုင်းမှာ ရှိပါတယ်။ ဥပမာ လေထုညစ်ညမ်းစေ သော နည်းပညာ အသုံးပြု စက်ရုံ၊ အလုပ်ရုံများ၊ ကား မီးခိုးငွေ့ နဲ့ ခရီးဝေး သွားနေသော မှန်အလုံပိတ် ကားပေါ်တွင် အီးပေါက်ခြင်း။

ထိုနည်းတူ စစ်တပ် ဆိုတာ နိုင်ငံတော် အတွင်းရှိ တိုင်းသူ ပြည်သား အားလုံး အကျိုးစီးပွား ကာကွယ်ရန်အတွက် ဖွဲ့စည်း ဖြစ်တည်ထားပြီး တစ်မိသားစု အကျိုးစီးပွား၊ တစ်ဦးတစ်ယောက် အကျိုးစီးပွားကို ကွက်ပြီး ကာကွယ်ရန် မဖြစ်နိုင်ပါ။ အခွန်ထမ်းဆောင်ထားသော နိုင်ငံသား နှင့် အခွန်မဆောင်ထားသော နိုင်ငံသား အားလုံး၊ တရားဝင်သည် ဖြစ်စေ၊ မဝင်သည် ဖြစ်စေ၊ နိုင်ငံတွင်း နေထိုင်သူ အားလုံးရဲ့ အကျိုးစီးပွားကို တပြေးညီကာကွယ်တာဟာ အဖြစ်သင့်ဆုံး အခြေအနေ ဖြစ်ပါတယ်။ သို့​သော်ငြားလည်း မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ အများပိုင်ပစ္စည်း ဖြစ်သော စစ်တပ် နှင့် လူအခွင့်အရေးတို့ဟာ အဖွဲ့အစည်း တစ်ခု၊ အသင်းအဖွဲ့တစ်ခု၏ ပိုင်ဆိုင်မှု အဖြစ် သို့ လျှောကျ ရောက်ရှိနေတာကို တွေ့နိုင်ပါတယ်။ အသင်းအဖွဲ့ပိုင် ပစ္စည်းဆိုတာ ရယူသုံးစွဲရာတွင် အကန့်အသတ် ရှိပြီး၊ အခြားသူများ ရယူသုံးစွဲ ဖို့ အတွက် ကန့်သတ်ထားနိုင်တဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ ပစ္စည်းတွေကို အောက်ပါအချက် လေးချက် ကို အခြေခံပြီး လေးမျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။

၁။ ကန့်သတ်နိုင်။

၂။ မကန့်သတ်နိုင်။

၃။ ပြိုင်ဆိုင် သုံး။

၄။ ပြိုင်ဆိုင် သုံးစရာ မလို။

ပြိုင်ဆိုင် သုံး

ပုဂ္ဂလိက ပိုင်ပစ္စည်း
(
အစားအသောက်၊ အဝတ်အထည်၊ ကိုယ်ပိုင် လျှပ်စစ် ပစ္စည်းကိရိယာများ)

ဘုံပိုင်ပစ္စည်း
(
ငါးကန်၊ သစ်တောထွက်ပစ္စည်းများ၊ စားကျက်မြေ)

ပြိုင်ဆိုင် သုံးစရာ မလို

အသင်းအဖွဲ့ပိုင်ပစ္စည်း
(
ရုပ်ရှင်ရုံများ၊ ဂေါက်ရိုက်အသင်းများ၊ အခပေး ရုပ်မြင်သံကြားလိုင်းများ)

အများပိုင် ပစ္စည်း

(လေ၊ လူ့အခွင့်အရေး၊ စစ်တပ်၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား)

ပုဂ္ဂလိက ပိုင်ပစ္စည်း တွေဟာ ပြိုင်ဆိုင် သုံးရ ပြီး ကန့်သတ်နိုင် တဲ့ ပစ္စည်း တွေဖြစ်တယ်။ အစားအသောက်၊ အဝတ်အထည် စတဲ့ ပစ္စည်းတွေ ကို တော့ အထူးအထွေ ရှင်းပြစရာ မလိုဘူး ထင်ပါတယ်။ မင်းစားရရင် ငါငတ်တယ်။ မင်းဝတ်ထားရင် ငါဝတ်လို့ မရဘူး စတဲ့ သဘောတရားတွေ ကတော့ ပုဂ္ဂလိက ပိုင်ပစ္စည်း တွေရဲ့ ဂုဏ်သတ္တိတွေပါ။

ဘုံပိုင် ပစ္စည်းတွေက ပြိုင်ဆိုင် သုံးရ ပြီး မကန့်သတ်နိုင်တဲ့ ပစ္စည်းတွေ ဖြစ်တယ်။ ငါးကန်၊ စားကျက်မြေ၊ သစ်တော တွေ ကိုတော့ အစိုးရများ အနေနဲ့ ထုတ်ယူသုံးစွဲခွင့်ကို တန်ဖိုးသတ်မှတ်ပြီး ကန့်သတ်ကြပါတယ်။ ဒါကလည်း မင်းဖမ်းလိုက်တဲ့ ငါး ငါ မရ၊ မင်း ခုတ်လိုက်တဲ့ သစ်ပင် ငါ့ အတွက် အကျိုး မရှိ စတဲ့ ဖြစ်နိုင်တဲ့ သဘောတွေ ​ကြောင့် ကန့်သတ်ရခြင်း ဖြစ်တယ် ဆိုတာ နားလည်နိုင်ပါတယ်။

ထိုနည်း၎င်း အသင်း အဖွဲ့ပိုင် ပစ္စည်း(ခ) ကလပ်ပိုင် ပစ္စည်းတွေဟာ ပြိုင်ဆိုင် သုံးစရာ မလို ပဲ ကန့်သတ်ထားနိုင်တယ်။ ရုပ်ရှင်ရုံ၊ ဂေါက်ရိုက်အသင်း၊ အခပေး ရုပ်မြင်သံကြားလိုင်းတွေ ကို သက်ဆိုင်ရာ ပိုင်ဆိုင်သူများက တန်ဖိုးသတ်မှတ်ပြီး ထုတ်ယူသုံးစွဲ ခွင့်ပြုကြပါတယ်။ ဒါကလည်း အသင်းအဖွဲ့ပိုင် ပစ္စည်းတွေ ရဲ့ သဘောတရားပါပဲ။

နောက်ဆုံး အများပိုင် ပစ္စည်း တွေကတော့ ပြိုင်ဆိုင် သုံးစရာမလို၊ မကန့်သတ်နိုင် တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ လေ၊ စစ်တပ်၊ လူ့အခွင့်အရေး၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စတဲ့ ပစ္စည်းတွေကို ပြိုင်ဆိုင် သုံးစရာ မလိုပဲ အုပ်စုတစ်စု၊ လူနည်းစု အတွက် ဖြစ်ဖြစ်၊ လူများစုအတွက် ဖြစ်ဖြစ် ကန့်သတ်ထားလို့ မရပါဘူး။ ဒါကတော့ အကောင်းဆုံး အခြေအနေ၊ အဖြစ်သင့်ဆုံး အခြေအနေကို ပြောပြတာပါ။ သဘောကတော့ မင်း ရေဒီယို နားထောင်ရင် ငါလည်း ရေဒီယို နားထာင်နိုင်တယ်။ အသုံးပြုတဲ့ ကြားခံ ပစ္စည်းတွေ ဖြစ်တဲ့ တီဗီ၊ ရေဒီယို စတာတွေကတော့ ပုဂ္ဂလိက ပိုင်ပစ္စည်းတွေ ဖြစ်ပါတယ်။

အဲဒီလို ပေါင်းစပ်နေတဲ့ သဘောတွေ ကို အချို့ ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ ဥပမာ မော်တော်ကားလမ်း။ ဘုံပိုင် ပစ္စည်းဖြစ်တဲ့ ကားလမ်း ဟာ ပြိုင်ဆိုင် သုံးရပြီး မကန့်သတ်နိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အတွက် အကျိုးဆက်က ကားလမ်း ပိတ်ဆို့မှု ဖြစ်နိုင်ပါတယ်။ ၎င်းကားလမ်း ပိတ်ဆို့မှုကို ဖြေရှင်းနည်း တစ်ခုကတော့ ပြိုင်ဆိုင်သုံးစွဲမှုကို လမ်းကြေးကောက်ခြင်း ဖြင့် ကန့်သတ်တာပဲ ဖြစ်ပါတယ်။

အများပိုင် ပစ္စည်း ဖြစ်တဲ့ စစ်တပ် နဲ့ လူအခွင့်အရေး ကို ကန့်သတ်ပြီး အသင်းအဖွဲ့ပိုင် ပစ္စည်း၊ လူတစ်စု ကောင်းကျိုး အတွက် အသုံးပြုတဲ့ အဖြစ်ကို မြန်မာနိုင်ငံမှာ မြင်ကြရမှာပါ။ ကျနော် တို့ အဓိက ဆွေးနွေးညှိနှိုင်း ကြရမှာက အဲဒီ အကြောင်းပါပဲ။ လူ့အခွင့်အရေးကို ဘယ်လို ကန့်သတ်သလဲ ဆိုတာ ရှင်းပြရရင် ရိုဟင်ဂျာတွေ ကို ခရီးသွားလာခွင့်၊ လက်ထပ်ခွင့်နဲ့ အခုနောက်ဆုံး ကလေး နှစ်ယောက်သာ မွေးခွင့်စတဲ့ ကန့်သတ်တဲ့ အမိန့်တွေ နဲ့ ကန့်သတ်ထားပါတယ်။ ဒီလို အမိန့်တွေ နဲ့ ကန့်သတ်တာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မြင်ကြရမှာပါ။ ဒီအမိန့်တွေ ဟာ ရခိုင်ပြည်နယ် မှာ ရှိတဲ့ လူအုပ်စုတစ်ခု ကိုသာ ကန့်သတ်နေတာပါ။ အဲဒီ အမိန့်တွေကို ထောက်ခံနေတဲ့ လူတွေကလည်း ကိုယ့်အလှည့်ကျရင် ဒီလို အမိန့်တွေ၊ ဒီလို အကြောင်းပြချက်တွေ ကို သုံးပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမယ် ဆိုတာ မမြင်တာပဲလား၊ မစဉ်းစားနိုင်တာပဲလား၊ မသိတာလားတော့ မသိပါဘူး။ လူအခွင့်အရေး ကို ရိုဟင်ဂျာတွေ အတွက် သုံးစွဲတဲ့ အတွက် ရခိုင်တွေ အကျိုး မယုတ်လျော့သွားပါဘူး။ ဗမာတွေ လည်း ဘာမှ မနစ်နာပါဘူး။ စစ်တပ်ကိုလည်း မထိခိုက်ပါဘူး။ လူဦးရေ ပေါက်ဖွားမှု များနေရင် သားဆက်ခြားပညာပေးရေး လုပ်ရမှာပါ။ တရား ဆိုတာ မျှတမှု နဲ့ယှဉ်တွဲနေတာပါ။ မျှတမှု မရှိတဲ့ တရားဟာ ပဋိပက္ခသာ တိုးပွားစေပြီး ရေရှည် ကျင့်သုံးမရနိုင်ပါဘူး။ ရိုဟင်ဂျာ ကို ခလေး နှစ်ယောက် သတ်မှတ်ရင် တစ်နိုင်ငံလုံး တပြေးညီ ခလေးနှစ်ယောက် သတ်မှတ်မှ တရားမျှတ မှု ရှိမှာပါ။ ဒီ တရားမျှတမှု ကိစ္စကို နောက်မှ အကျယ်ရေးပါမယ်။ လူတစ်စု သို့ မိသားစု တစ်ခု ကို အကာအကွယ်ပေးနေတဲ့ အသင်းအဖွဲ့ပိုင် ပစ္စည်း အဖြစ် ပြောင်းလဲ ခံထားရတဲ့ လူ့ အခွင့်အရေး နဲ့ စစ်တပ် အတွက်ကတော့ ရိုဟင်ဂျာတွေ၊ မူစလင်တွေ ကို အကာအကွယ်ပေးနေတာ၊ လူ့အခွင့်အရေးတွေ ရှိဖို့ဆောင်ရွက်တာတွေ ကို အကျိုးစီးပွားယုတ်လျှော့အောင် ကြံစည်၊ လုပ်ဆောင်တယ် လို့ မြင်ကြမှာပါ။

ရိုဟင်ဂျာ နဲ့ မူစလင် များကိုပဲ ကာကွယ် ပြောဆိုနေတာ မဟုတ်ပါဘူး။ အများပိုင် ပစ္စည်း ဖြစ်တဲ့ လူ့အခွင့်အရေး ကို ကာကွယ် ပြောဆိုပေးနေတာဖြစ်ပါတယ်။ အဲဒီ အတွက် ကြောင့် ရခိုင်တွေ အနေနဲ့ ကော၊ ဗမာ တွေ အနေနဲ့ ကော၊ မည်သည့် ဘာသာ၊ လူမျိုး၊ နိုင်ငံသား မဆို နစ်နာရန် အကြောင်းမရှိပါဘူး။ အများပိုင် ပစ္စည်း နဲ့ တူတဲ့ လေ သန့်ရှင်းရင် လူသားအားလုံး သုံးစွဲ ပျော်ရွှင် နိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် အများပိုင် ပစ္စည်း ဖြစ်တဲ့ လူ့အခွင့်အရေး ကိစ္စကို ရှေ့တန်းတင် ပြောဆိုနေရတာ ဖြစ်ပါတယ်။ ရခိုင်တွေ လူ့အခွင့်အရေး မရရင်လည်း ပြောပေးရမှာ ဖြစ်ပါတယ်။ မည်သည့် လူသားမဆို အများပိုင် ပစ္စည်း သုံးစွဲရယူခွင့် ကန့်သတ်ခံထားရရင် ကူညီ ကာကွယ် ပြောဆို ပေးရမှာဖြစ်ပါတယ်။

စစ်တပ်ကို အများပိုင် ပစ္စည်း၊ အားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ့်အဖွဲ့ အစည်း အဖြစ်ကနေ အသင်းအဖွဲ့ပိုင် ပစ္စည်း အဖြစ် ဘယ်လို ပြောင်းလဲ ခဲ့သလဲ ဆိုတာ ရှင်းပြပါမယ်။ စစ်တပ်ပိုင် စီးပွားရေးများဖြစ်တဲ့ မြန်မာ့ စီးပွားဦးပိုင်လုပ်ငန်းတွေ၊ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတွေ ထူထောင်ပြီး နှစ် ၂၀ ကျော် အခွန်ကင်းလွှတ်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် အရာရှိကြီးများအား တာဝန်အရ မည်သည့် လုပ်ဆောင်မှုကို မဆို တရားစွဲ ခံရမည့် အရေးမှ ကင်းလွှတ်ခွင့် ၊ ၂၅ ရာခိုင်နှုန်းသော အရာရှိ စစ်သည်များ အားလွှတ်တော် ထဲတွင် အခန့်သား ဝင်ထိုင်ခွင့် စသည့် အထူးအခွင့်အရေးများ၊ ဦးစားပေးများ ပေးထားပါတယ်။ အဲဒီလို စစ်သားများ အထူးအခွင့်အရေးယူထားတာ ဟာ သာမန် နိုင်ငံသားများရဲ့ အခွင့်အရေး ကို ကန့်သတ်တာ ဖြစ်တဲ့ အတွက် စစ်တပ်ဟာ အသင်းအဖွဲ့ပိုင် ပစ္စည်း အဖြစ် ပြောင်းလဲခဲ့ပါတယ်။ စစ်တပ် အနေနဲ့ တိုင်းပြည် ကို အသက်ပေးပြီး ကာကွယ် တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် အထူးအခွင့်အရေး ရလိုတာက တော့ မဆန်းပါဘူး။ ဒါပေမဲ့ အဲဒီ အခွင့်အရေး ကို နိုင်ငံသား အားလုံး နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ စစ်တပ်ကို အသုံးပြုပြီး အနိုင်ကျင့်ရယူထားတာ တော့ မမျှတပါဘူး။ အဲဒီ အကြောင်းကို အကျယ်ရေးပါဦးမယ်။ အဲဒီအတွက် ကြောင့် စစ်တပ်ကို အများပိုင် ပစ္စည်းအဖြစ် မြင်လိုသူ၊ တိုင်းပြည် အတွင်း နေထိုင်သူ အားလုံး ကို အကာအကွယ် ပေးတဲ့ အဖွဲ့အစည်း အဖြစ် မြင်လိုသူတွေကို အသင်းအဖွဲ့ပိုင် ပစ္စည်း အဖြစ်မြင်နေသူ၊ ငါတို့ ပိုင် ပစ္စည်း၊ ငါတို့ ကလပ် ပိုင်ပစ္စည်း၊ ငါတို့ အဖွဲ့ဝင်များတွေသာ အသုံးပြုခွင့်ရှိတယ်လို့ မြင်နေသူတွေက မနှစ်သက်တာ ဓမ္မာတာဖြစ်နေပါတယ်။

အထက်ပါ ရှင်းပြချက်များကို အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆန္ဒပြ သို့ ဆန္ဒထုတ်ဖော် ဖို့ ကြိုးစားသော သကောင့်သားများကို ပြောချင်တာကတော့ သန့်ရှင်းသော လေကဲ့သို့ လူ့အခွင့်အရေး နှင့် စစ်တပ် ကို ညစ်ညမ်း အောင် လူတိုင်းတွင် လုပ်နိုင်ခွင့်ရှိပါတယ်။ ကိုယ်ချင်းစာ တရား လက်ကိုင်ထားပြီး လူတိုင်း ဝိုင်းဝန်း စောင့်ရှောက် ထိန်းသိမ်းပါ မှ အများပိုင် ပစ္စည်းတွေ ရေရှည် တည်တံ့ ပြီး အားလုံး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဆော်ဒီတွင် လူ့အခွင့်အရေး ရမှ မြန်မာပြည်တွင် လူ့အခွင့်အရေး ရအောင် ဆောင်ရွက်ရမှာ မဟုတ်ပါဘူး။ မြန်မာပြည်တွင် လူ့အခွင့်အရေး ရအောင်၊ သန့်ရှင်းသော လေ ကဲ့သို့ အများပိုင် ပစ္စည်းအဖြစ် လူသားတိုင်း ခံစားခွင့်၊ သုံးစွဲခွင့်ရှိအောင် အားလုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင် လေကောင်းလေသန့် ရရင် အခြားတိုင်းပြည်များမှာပါ လေကောင်းလေသန့် ရရှိအောင် မည်သို့ မည်ပုံ လုပ်ဆောင် နိုင်ကြောင်း၊ လုပ်ဆောင် သင့်ကြောင်း နည်းပေးလမ်းပြ လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင် လူ့အခွင့်အရေး ရနေတယ်လို့ ပြောသွားတဲ့ ကိုစစ်ငြိမ်း အတွက် မြန်မာပြည်တွင် လူအခွင့်အရေး ရ မရ နှင့် အခြား လိုအပ်ချက်များကို နောင်တွင် အကျယ်ရှင်းရန်ရှိပါတယ်။

ကိုးကား
http://en.wikipedia.org/wiki/Common_good_(economics)

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , , | Leave a comment

Myanmar: A revolution in progress

Amanpour is very nice in paraphrasing her questions. Although more questions were common, there were some specific questions about land grabbing in Eastern Shan state during his time as a commander of Eastern command. not bad interview. It would be better if I could listen Thein Sein’s Burmese voice instead of English dubbing. He looks stiff. come on, relax…she can’t bite you. 😛

Amanpour

By Samuel Burke & Juliet Fuisz, CNN

It is known as the Myanmar miracle.

Or that is the hope for the country of almost 50 million people tucked between Asian powerhouses India and China. Just three years ago, Myanmar was being brutally led by one of the world’s most repressive military regimes; today, it is a fledgling democracy.

For decades, Myanmar, which is also known as Burma, was best known for the heroic struggle of Nobel Laureate Aung San Suu Kyi, who spent more than 15 years under house arrest, separated from her husband and sons by her military jailers.

But she kept up the struggle to reform her beleaguered country and now her vision is becoming reality at a breathtaking pace.

She may be the icon of democracy in Myanmar, but her country now calls someone else the icon of reform: President Thein Sein. He is in the United…

View original post 842 more words

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , | Leave a comment

အမေရိကန် ပညာရေး တစိတ်တပိုင်း

click here for PDF file

ကျနော် ရေးမယ့် အကြောင်းအရာ က ထူးမဆန်းလေးပါ။ အရင် အရင့် လူတွေလည်း ရေးခဲ့ကြပြီးမယ် လို့ ထင်ပါတယ်။ ကျနော် ကတော့ အဲဒီ အရင်ဟာလေး တွေကို မဖတ်ရသေးတဲ့ သူတွေ အတွက်ကော၊ ဖတ်ပြီးလို့ ကျနော် ပြောတာနဲ့ ဘာကွာ သလဲ ဆိုတာ နှိုင်းယှဉ်လို့ ရအောင် ဒီ အကြောင်းကို ရေးပါတယ်။ ဒီအကြောင်းကို ရေးတဲ့ အချိန်မှာ ဆေးတက္ကသိုလ် နဲ့ ဆေးဝါးကျွမ်းကျင်က ကျောင်းသူ များရဲ့ အဆင်မပြေတဲ့ ရင်ဖွင့်သံ စာတွေ ကိုလည်း ဖတ်ရတော့ စိတ်မကောင်းပါဘူး။ စိတ်မကောင်းရုံ ကလွဲ၍ ဘာများ ကျနော် တို့ တတ်နိုင်ဦးမည်နည်း။ ကျနော် တို့ ကိုယ်တိုင်တောင် အဲဒီ ဒုက္ခတွေ လွတ်ချင်လို့ ဒီကို ကျောင်းလာတက်ကြတာမလား။ မြန်မာပြည်ရဲ့ ပို့ကုန် တမျိုးဖြစ်တဲ့ ဒုက္ခသည် အမျိုးမျိုးထဲမှာ ကျနော်တို့က ပညာရေး ဒုက္ခသည်တွေပေါ့။

ကျနော် တို့ အမေရိကား ရောက် ကျောင်းသား တချို့ အထူးသဖြင့် ကျနော်လို လစ်ဘရယ် အက် (တနည်း လွတ်လပ်တဲ့ ပညာရေး (သို့) လွတ်လပ်တဲ့ ဝိဇ္ဖာ ပညာရေး (သို့) ဘက်စုံပညာရေး) (Liberal art) ကောလိပ် လို့ ခေါ်ကြတဲ့ ကောလိပ်တွေ တက္ကသိုလ် တွေ တက်နေကြတဲ့ သူတွေ အဖို့ ဖြေရကြပ်တဲ့ အထဲမှာ ဘာ အထူးပြုနေသလဲ ဘာ(major)ယူထားလဲ ဆိုတာရယ်၊ လစ်ဘရယ် အက် (လွတ်လပ်တဲ့ ပညာရေး) (Liberal art) ပညာရေး ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းရယ်ပါ။

အမေရိကန် ပညာရေး စနစ်

အမေရိကန် ကျောင်းတွေ နဲ့ ပညာရေး စနစ် အကြောင်းကို ပြောရရင် ကျနော့်ကို အမေရိကန် ဆရာ တစ်ယောက် ပြောဖူးတာက အမေရိကန် ပညာရေး စနစ်ဟာ ဘာနဲ့ တူသလဲ ဆိုတော့ အဝတ်စတွေ ကို စပ်ပြီး ချုပ်ထားတဲ့ စပ်စောင် နဲ့ တူပါတယ်။ အဝတ် အပိုင်းအစ တွေ ကို ပေါင်းစပ်ချုပ်ထားလို့ အရောင်စုံ အရွယ်အစားစုံ ပုံစံ အမျိုးမျိုး ကို နေရာ အမျိုးမျိုး မှာတွေ့နိုင်ပါတယ်။ ဗမာ စကားပုံ နဲ့ နှိုင်းရရင် တစ်ကျောင်းတဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပါဘဲ။ လုပ်ချင်တာတွေ လုပ်နေကြတယ် လို့ တောင် ပြောလို့ရပါတယ်။

အမေရိကန် ပညာရေး စနစ်ဟာ ဗဟို ပညာရေး ဝန်ကြီး ဌာနက ချုပ်ထိန်းထားတာ မဟုတ်ပါဘူး။ သူငယ်တန်းက နေ ၁၂ တန်း အထိ ကျောင်းတိုင်းကို ပြည်နယ် အစိုးရ၊ သက်ဆိုင်သူ ကျောင်းသား မိဘတွေ နဲ့ ဆရာတွေ ပါဝင်တဲ့ ကျောင်းတစ်ကျောင်းစီမှာ ရှိတဲ့ အကျိုးတော်ဆောင် အဖွဲ့ က အုပ်ချုပ်ပါတယ်။ သင်ရိုးညွှန်းတန်း၊ ရန်ပုံငွေ၊ သင်ကြားရေး၊ ဝန်ထမ်းရေးချယ်ခန့်အပ်ရေး နဲ့ တခြားကျောင်း နဲ့ ဆိုင်တဲ့ စည်းကမ်းချက်တွေကို မြို့နယ်အလိုက် ဒေသအလိုက် သတ်မှတ်ပါတယ်။ ပြည်နယ် အစိုးရ နဲ့ ဗဟို အစိုးရ က ငွေကြေးထောက်ပံ့တဲ့ အလုပ်ကိုဘဲ လုပ်တာများပါတယ်။ ပညာရေးအဆင့်အတန်း သတ်မှတ်ချက် နဲ့ စာမေးပွဲ စစ်ဆေးခြင်းတွေ ဟာ ပြည်နယ် အစိုးရ တာဝန်ဖြစ်ပါတယ်။ အဲဒီလို ဗဟို ထိန်းချုပ် မှု မရှိတဲ့ အတွက် ကောင်းတာကတော့ ကိုယ်ဒေသ နဲ့ ကိုက်ညီတဲ့ သင်ရိုး၊ ဆရာမ ရှာဖွေနိုင်တာဘဲ ဖြစ်ပါတယ်။ မကောင်းတာကတော့ ကန်းဆက် (Kansas) နဲ့ အချို့ ပြည်နယ် တွေ မှာ ဇီဝဗေဒ ဘာသာရပ်မှာပါတဲ့ ဆင့်ကဲ ပြောင်းလဲခြင်းဖြစ်စဉ် ရှင်းပြချက် (evolution theory) ကို တချို့ကျောင်းတွေ မှာ မသင်ဖို့ ဆုံးဖြတ်ကြတာပါဘဲ။ ဘာလို့လဲ ဆိုတော့ ဘုရားသခင်က လူကို ဖန်တီးတယ် လို့ ယုံကြည်တဲ့ လူတွေ အတွက် လူတွေ ဟာ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် လူဖြစ်လာကြတယ် ဆိုတဲ့ ရှင်းပြချက်ဟာ တည့်တည့်ကြီး ဆန့်ကျင်တယ် လို့ ယူဆကြလို့ပါ။

အမေရိကန် ရဲ့ နိုင်ငံရေး စနစ်အရ ဗဟို ထိန်းချုပ်မှု စနစ် ကို မယုံကြည်ပါဘူး။ အင်အားကြီးတဲ့ ဗဟို အစိုးရကို လက်မခံကြပါဘူး။ အဲဒီ မယုံကြည်မှု ကို ပညာရေး စနစ်မှာ ကျကျ နန အကောင်အထည်ဖော်ထားပါတယ်။ ၁၉၈၀ မှာ ဖွဲ့စည်းခဲ့တဲ့ အမေရိကန် ပညာရေးဝန်ကြီး ဌာန ရဲ့ အလုပ်ဟာ

၁။ ပညာရေးအတွက် ကျောင်းတွေကို စနစ်တကျငွေကြေးထောက်ပံ့ပေးဖို့
၂။ သုတေသနအတွက် အချက်အလက် ကောက်ယူဖို့ နဲ့ လေ့လာတွေ့ရှိချက်တွေကို ဖြန့်ဖြူးပေးဖို့
၃။ ပညာရေး ဆိုင်ရာ ကိစ္စတွေကို နိုင်ငံတော် အဆင့်က ကိုင်တွယ်ဖို့
၄။ ခွဲခြား ဆက်ဆံမှု မရှိစေဖို့ နဲ့ တန်းတူ အခွင့်အရေး ရစေဖို့ လုပ်ဆောင် တာတွေ ဖြစ်ပါတယ်။

အမေရိကန် လို အရင်းရှင် စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအဖို့ ပိုက်ဆံ ထောက်ပံ့တဲ့ အဖွဲ့အစည်းဟာ အတိုင်းအတာ တစ်ခု အထိ အထောက်အပံ့ ခံ အဖွဲ့အစည်းတွေကို သြဇာ သက်ရောက်မှု ရှိပါတယ်။ အဲဒီ လို တစ်ယောက် တစ်ပေါက် ဖြစ်နေတဲ့ ကျောင်းတွေ၊ သင်ရိုးတွေ နဲ့ ဆရာ တွေကို တန်းညှိပေးမယ့် ဥပဒေတွေ ရေးဆွဲခဲ့ရပါတယ်။ Affirmative action (ပါစားပေးတဲ့ လုပ်ရပ်) လို့ ခေါ်တဲ့ လူမည်း တွေအတွက် ကောလိပ်ဝင်ခွင့် နဲ့ ပညာသင် ထောက်ပံ့ကြေး အချိုးချ နေရာချန် ထားပေးဖို့ ထိန်းကွပ်တဲ့ ဥပဒေ နဲ့ အခု နောက်ဆုံး No child left behind (ဘယ်ခလေးမှ မကျန်စေရ) ဆိုတဲ့ ဥပဒေ အရ ပြည်နယ်တွေ မှာ အရည်အချင်းစစ် စာမေးပွဲတွေ စစ်ခိုင်းပြီး ကျောင်းသားတွေ ရဲ့ အရည်အသွေး နဲ့ ကျောင်းတွေ ရဲ့ အောင်ချက်ရာခိုင်နှုန်း တိုင်းတာ တဲ့ ဥပဒေ တွေ အထိ ပါဝင်ပါတယ်။ စာမေးပွဲ အောင်ချက်ရာနှုန်း မကောင်းရင် ကျောင်းသား အရည်အချင်း ကျတယ် လို့ သတ်မှတ်ပြီး ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေကို နှုတ်ထွက် ပိတ်သိမ်း အရေးယူဖို့ အထိ အစီအစဉ်တွေ ပါဝင်ပါတယ်။ အဲဒီအတွက် ကျောင်းတွေ မှာ စာမေးပွဲ အောင်ဖို့ သင်ကြားမှု တွေ ဖြစ်လာတယ်၊ (မြန်မာပြည်နဲ့ တူလာတာပေါ့ခင်ဗျာ) ကျောင်းသားတွေကို တတ်အောင် မသင်တော့ဘူး လို့ စွပ်စွဲမှု ဖြစ်လာပြီး ဥပဒေက ကင်းလွတ်သက်သာခွင့်တွေ တရားရုံး မှာ စွဲဆို လျှောက်ထားကြပါတယ်။

မြန်မာပြည်လို အစိုးရရဲ့ တိုက်ရိုက် အမိန့် တွေ၊ စစ်တပ်ထွက် အရာရှိကြီးများရဲ့ သင်ရိုးညွှန်းတမ်း ကို ဝင်ရောက် စွက်ဖက်မှု တွေ လုပ်လို့ မရပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ဥပဒေ နှစ်ခု ကို တောင်မှ မကျေနပ်တဲ့ ပြည်နယ်တွေက တရားရုံးချုပ် (Supreme Court) မှာ တရားစွဲပြီး ဥပဒေက ကင်းလွတ်ခွင့်တွေ တောင်းဆိုခဲ့ကြတာတွေ ရှိပါတယ်။ ရခဲ့တဲ့ ပြည်နယ်တွေလည်း ရခဲ့ပါပြီ။ အမေရိကန် ပညာရေး စနစ်မှာ public (ပြည်သူပိုင် () အစိုးရ အထောက်အပံ့ခံ) ကျောင်း၊ private (ပုဂ္ဂလိက ပိုင်) ကျောင်း စသည်ဖြင့် ပြည်နယ် တစ်ခုချင်းစီ ရဲ့ အကြိုက်နဲ့ အလိုက် အလျောက် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း နေပါတော့တယ်။ ဒါက အမေရိကန် ပညာရေး စနစ် အကြောင်း အကြမ်းဖျင်း ရှင်းပြတာပါ။ လိုသွားတာတွေလည်း ရှိမှာပါ။

ဆက်ရေးချင်ပါသေးတယ်။

ကိုးကားများ

http://maynyane.blogspot.com/2012/05/blog-post.html

http://en.wikipedia.org/wiki/Education_in_the_United_States

http://www2.ed.gov/about/landing.jhtml

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , | Leave a comment

ကျနော် အလုပ်သမား

မြန်မာပြည်က စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ လစာတိုးမြှင့်ရေး ဆန္ဒပြကြတာ မြင်တော့ စိတ်မကောင်းဘူး။ သူတို့ တိုးတောင်းတဲ့ အခြေခံလစာဟာ တလ ကို သုံးသောင်းတဲ့ဗျာ။ ဒေါ်လာ ၃၇ ကျော်ကျော် ပေါ့။ ဒါတောင် ၈၀၀ ဈေးနဲ့ တွက်လို့။ ၁၀၀၀ ဈေးနဲ့ တွက်ရင် ၃၀ ဒေါ်လာဘဲ ရှိတယ်။ ပုံမှန် တနေ့ ရှစ်နာရီ လုပ်တဲ့ လခဟာ တနေ့ ကို တစ်ဒေါ်လာ သာသာ ဘဲရှိတယ်ဗျာ။ ကဲ ဒီလို နိုင်ငံမျိုး မဆင်းရဲ ဘယ်နိုင်ငံမျိုးက ဆင်းရဲတာလဲ။

မနှိုင်းကောင်း မယှဉ်ရာဗျာ ကျနော် ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု နဲ့ နှိုင်းလိုက်ဦးမယ်။ ဒီမှာ အနိမ့်ဆုံး လခဟာ တစ်နာရီ ၇.၂၅ ဒေါ်လာပါ။ ရှစ်နာရီ လုပ်ရင် ၅၈ ဒေါ်လာပါ။ တပတ် နာရီ ၄၀ အတွက် ဒေါ်လာ ၂၉၀။ တလ ဒေါ်လာ ၁၁၆၀ ပါ။ တနှစ်ဆိုရင် ၁၃၉၂၀ ပါ။ ဒါ အခြေခံလစာပါ။ တခြား အခွင့်အရေးတွေ ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတာ၊ လစာနဲ့ ခွင့်တစ်လ ပေးတာတွေ၊ နာမကျန်းခွင့်တွေ မပါဝင်ပါဘူး။ တစ်ဦးတစ်ယောက်ထဲအတွက် အဲဒီ လောက်ဘဲ ရရင် ဆင်းရဲတဲ့ အမှတ်အသား သတ်မှတ်ချက် တစ်နှစ် ဒေါ်လာ ၁၁,၀၀၀ ကျော်ရုံဘဲ ရှိပါတယ်။ ဆင်းရဲတဲ့ အမှတ်အသားက မိသားစု လေးဦးပါ (ခလေး နှစ်ယောက်၊ အမေ၊ အဖေပါဝင်တဲ့) အိမ်ထောင်စု တစ်စု ဟာ တစ်နှစ်ကို ဒေါ်လာ ၂၃၀၀၀ အောက်ပဲ ရတယ်ဆို…ဆင်းရဲတယ် လို့ သတ်မှတ်ပါတယ်။ အဲဒီတော့ အခြေခံလစာဘဲ ရတဲ့ လေးဦးပါ မိသားစု မှာ အဖေရော၊ အမေရော အလုပ်လုပ်ပါမှ ဆင်းရဲတွင်း က လွတ်မှာပါ။ မလုပ်နိုင်ရင်တော့ ဆင်းရဲတယ် လို့ သတ်မှတ်ပါတယ်။ အမေရိကန်မှာ အဲဒီလို မျိုး လူ ၁၆ ရာနှုန်းလောက်ရှိပါတယ်။ လူဦးရေ သန်း ၃၀၈ ကျော်ရဲ့ ၁၆ ရာနှုန်း ဆိုတာ ၄၈ သန်း ကျော် ရှိတယ် လို့ ဆိုလိုပါတယ်။

ဒီလူတွေကို အစိုးရ ကထောက်ပံ့ပါသေးတယ်။ ထောက်ပံ့ကြေး အနည်း အများ၊ ပုံစံတွေက ပြည်နယ် အလိုက်ကွာခြားပါသေးတယ်။ အသက် ၁၈ အောက် ခလေး ရှိတဲ့ အိမ်ထောင်စု အတွက် Food stamps (အစားအသောက်ဝယ်ခွင့် လက်မှတ်) လစဉ်ထောက်ပံ့တာ၊ ကျန်းမာရေး ဆေးကုသခွင့် (medicaid) ပေးတာ၊ ခလေးတွေ ၁၂ တန်းအထိ အခမဲ့ ပညာသင်ခွင့် အပြင် ကျောင်းမှာ နေ့လည်စာ အခမဲ့ ကျွေးပါသေးတယ်။

ကျနော် တို့ နိုင်ငံမှာ ပညာသင်ကြားရေးဟာ အလကား နီးပါးဖြစ်ပေမဲ့ ကျောင်းကို ခလေးတွေ လာဖို့ အထိတော့ မလုပ်နိုင်သေးပါဘူး။ အစားအသောက် ဝယ်ခွင့် ပေးတာတွေ၊ ကျန်းမာရေး စောင့်ရှောက်ပေးတာတွေ အများကြီး လိုအပ်နေပါသေးတယ်။….

ဆက်ရေးချင်ပါသေးတယ်။

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , | Leave a comment