အမေရိကန် ပညာရေး တစိတ်တပိုင်း

click here for PDF file

ကျနော် ရေးမယ့် အကြောင်းအရာ က ထူးမဆန်းလေးပါ။ အရင် အရင့် လူတွေလည်း ရေးခဲ့ကြပြီးမယ် လို့ ထင်ပါတယ်။ ကျနော် ကတော့ အဲဒီ အရင်ဟာလေး တွေကို မဖတ်ရသေးတဲ့ သူတွေ အတွက်ကော၊ ဖတ်ပြီးလို့ ကျနော် ပြောတာနဲ့ ဘာကွာ သလဲ ဆိုတာ နှိုင်းယှဉ်လို့ ရအောင် ဒီ အကြောင်းကို ရေးပါတယ်။ ဒီအကြောင်းကို ရေးတဲ့ အချိန်မှာ ဆေးတက္ကသိုလ် နဲ့ ဆေးဝါးကျွမ်းကျင်က ကျောင်းသူ များရဲ့ အဆင်မပြေတဲ့ ရင်ဖွင့်သံ စာတွေ ကိုလည်း ဖတ်ရတော့ စိတ်မကောင်းပါဘူး။ စိတ်မကောင်းရုံ ကလွဲ၍ ဘာများ ကျနော် တို့ တတ်နိုင်ဦးမည်နည်း။ ကျနော် တို့ ကိုယ်တိုင်တောင် အဲဒီ ဒုက္ခတွေ လွတ်ချင်လို့ ဒီကို ကျောင်းလာတက်ကြတာမလား။ မြန်မာပြည်ရဲ့ ပို့ကုန် တမျိုးဖြစ်တဲ့ ဒုက္ခသည် အမျိုးမျိုးထဲမှာ ကျနော်တို့က ပညာရေး ဒုက္ခသည်တွေပေါ့။

ကျနော် တို့ အမေရိကား ရောက် ကျောင်းသား တချို့ အထူးသဖြင့် ကျနော်လို လစ်ဘရယ် အက် (တနည်း လွတ်လပ်တဲ့ ပညာရေး (သို့) လွတ်လပ်တဲ့ ဝိဇ္ဖာ ပညာရေး (သို့) ဘက်စုံပညာရေး) (Liberal art) ကောလိပ် လို့ ခေါ်ကြတဲ့ ကောလိပ်တွေ တက္ကသိုလ် တွေ တက်နေကြတဲ့ သူတွေ အဖို့ ဖြေရကြပ်တဲ့ အထဲမှာ ဘာ အထူးပြုနေသလဲ ဘာ(major)ယူထားလဲ ဆိုတာရယ်၊ လစ်ဘရယ် အက် (လွတ်လပ်တဲ့ ပညာရေး) (Liberal art) ပညာရေး ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းရယ်ပါ။

အမေရိကန် ပညာရေး စနစ်

အမေရိကန် ကျောင်းတွေ နဲ့ ပညာရေး စနစ် အကြောင်းကို ပြောရရင် ကျနော့်ကို အမေရိကန် ဆရာ တစ်ယောက် ပြောဖူးတာက အမေရိကန် ပညာရေး စနစ်ဟာ ဘာနဲ့ တူသလဲ ဆိုတော့ အဝတ်စတွေ ကို စပ်ပြီး ချုပ်ထားတဲ့ စပ်စောင် နဲ့ တူပါတယ်။ အဝတ် အပိုင်းအစ တွေ ကို ပေါင်းစပ်ချုပ်ထားလို့ အရောင်စုံ အရွယ်အစားစုံ ပုံစံ အမျိုးမျိုး ကို နေရာ အမျိုးမျိုး မှာတွေ့နိုင်ပါတယ်။ ဗမာ စကားပုံ နဲ့ နှိုင်းရရင် တစ်ကျောင်းတဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပါဘဲ။ လုပ်ချင်တာတွေ လုပ်နေကြတယ် လို့ တောင် ပြောလို့ရပါတယ်။

အမေရိကန် ပညာရေး စနစ်ဟာ ဗဟို ပညာရေး ဝန်ကြီး ဌာနက ချုပ်ထိန်းထားတာ မဟုတ်ပါဘူး။ သူငယ်တန်းက နေ ၁၂ တန်း အထိ ကျောင်းတိုင်းကို ပြည်နယ် အစိုးရ၊ သက်ဆိုင်သူ ကျောင်းသား မိဘတွေ နဲ့ ဆရာတွေ ပါဝင်တဲ့ ကျောင်းတစ်ကျောင်းစီမှာ ရှိတဲ့ အကျိုးတော်ဆောင် အဖွဲ့ က အုပ်ချုပ်ပါတယ်။ သင်ရိုးညွှန်းတန်း၊ ရန်ပုံငွေ၊ သင်ကြားရေး၊ ဝန်ထမ်းရေးချယ်ခန့်အပ်ရေး နဲ့ တခြားကျောင်း နဲ့ ဆိုင်တဲ့ စည်းကမ်းချက်တွေကို မြို့နယ်အလိုက် ဒေသအလိုက် သတ်မှတ်ပါတယ်။ ပြည်နယ် အစိုးရ နဲ့ ဗဟို အစိုးရ က ငွေကြေးထောက်ပံ့တဲ့ အလုပ်ကိုဘဲ လုပ်တာများပါတယ်။ ပညာရေးအဆင့်အတန်း သတ်မှတ်ချက် နဲ့ စာမေးပွဲ စစ်ဆေးခြင်းတွေ ဟာ ပြည်နယ် အစိုးရ တာဝန်ဖြစ်ပါတယ်။ အဲဒီလို ဗဟို ထိန်းချုပ် မှု မရှိတဲ့ အတွက် ကောင်းတာကတော့ ကိုယ်ဒေသ နဲ့ ကိုက်ညီတဲ့ သင်ရိုး၊ ဆရာမ ရှာဖွေနိုင်တာဘဲ ဖြစ်ပါတယ်။ မကောင်းတာကတော့ ကန်းဆက် (Kansas) နဲ့ အချို့ ပြည်နယ် တွေ မှာ ဇီဝဗေဒ ဘာသာရပ်မှာပါတဲ့ ဆင့်ကဲ ပြောင်းလဲခြင်းဖြစ်စဉ် ရှင်းပြချက် (evolution theory) ကို တချို့ကျောင်းတွေ မှာ မသင်ဖို့ ဆုံးဖြတ်ကြတာပါဘဲ။ ဘာလို့လဲ ဆိုတော့ ဘုရားသခင်က လူကို ဖန်တီးတယ် လို့ ယုံကြည်တဲ့ လူတွေ အတွက် လူတွေ ဟာ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် လူဖြစ်လာကြတယ် ဆိုတဲ့ ရှင်းပြချက်ဟာ တည့်တည့်ကြီး ဆန့်ကျင်တယ် လို့ ယူဆကြလို့ပါ။

အမေရိကန် ရဲ့ နိုင်ငံရေး စနစ်အရ ဗဟို ထိန်းချုပ်မှု စနစ် ကို မယုံကြည်ပါဘူး။ အင်အားကြီးတဲ့ ဗဟို အစိုးရကို လက်မခံကြပါဘူး။ အဲဒီ မယုံကြည်မှု ကို ပညာရေး စနစ်မှာ ကျကျ နန အကောင်အထည်ဖော်ထားပါတယ်။ ၁၉၈၀ မှာ ဖွဲ့စည်းခဲ့တဲ့ အမေရိကန် ပညာရေးဝန်ကြီး ဌာန ရဲ့ အလုပ်ဟာ

၁။ ပညာရေးအတွက် ကျောင်းတွေကို စနစ်တကျငွေကြေးထောက်ပံ့ပေးဖို့
၂။ သုတေသနအတွက် အချက်အလက် ကောက်ယူဖို့ နဲ့ လေ့လာတွေ့ရှိချက်တွေကို ဖြန့်ဖြူးပေးဖို့
၃။ ပညာရေး ဆိုင်ရာ ကိစ္စတွေကို နိုင်ငံတော် အဆင့်က ကိုင်တွယ်ဖို့
၄။ ခွဲခြား ဆက်ဆံမှု မရှိစေဖို့ နဲ့ တန်းတူ အခွင့်အရေး ရစေဖို့ လုပ်ဆောင် တာတွေ ဖြစ်ပါတယ်။

အမေရိကန် လို အရင်းရှင် စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအဖို့ ပိုက်ဆံ ထောက်ပံ့တဲ့ အဖွဲ့အစည်းဟာ အတိုင်းအတာ တစ်ခု အထိ အထောက်အပံ့ ခံ အဖွဲ့အစည်းတွေကို သြဇာ သက်ရောက်မှု ရှိပါတယ်။ အဲဒီ လို တစ်ယောက် တစ်ပေါက် ဖြစ်နေတဲ့ ကျောင်းတွေ၊ သင်ရိုးတွေ နဲ့ ဆရာ တွေကို တန်းညှိပေးမယ့် ဥပဒေတွေ ရေးဆွဲခဲ့ရပါတယ်။ Affirmative action (ပါစားပေးတဲ့ လုပ်ရပ်) လို့ ခေါ်တဲ့ လူမည်း တွေအတွက် ကောလိပ်ဝင်ခွင့် နဲ့ ပညာသင် ထောက်ပံ့ကြေး အချိုးချ နေရာချန် ထားပေးဖို့ ထိန်းကွပ်တဲ့ ဥပဒေ နဲ့ အခု နောက်ဆုံး No child left behind (ဘယ်ခလေးမှ မကျန်စေရ) ဆိုတဲ့ ဥပဒေ အရ ပြည်နယ်တွေ မှာ အရည်အချင်းစစ် စာမေးပွဲတွေ စစ်ခိုင်းပြီး ကျောင်းသားတွေ ရဲ့ အရည်အသွေး နဲ့ ကျောင်းတွေ ရဲ့ အောင်ချက်ရာခိုင်နှုန်း တိုင်းတာ တဲ့ ဥပဒေ တွေ အထိ ပါဝင်ပါတယ်။ စာမေးပွဲ အောင်ချက်ရာနှုန်း မကောင်းရင် ကျောင်းသား အရည်အချင်း ကျတယ် လို့ သတ်မှတ်ပြီး ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေကို နှုတ်ထွက် ပိတ်သိမ်း အရေးယူဖို့ အထိ အစီအစဉ်တွေ ပါဝင်ပါတယ်။ အဲဒီအတွက် ကျောင်းတွေ မှာ စာမေးပွဲ အောင်ဖို့ သင်ကြားမှု တွေ ဖြစ်လာတယ်၊ (မြန်မာပြည်နဲ့ တူလာတာပေါ့ခင်ဗျာ) ကျောင်းသားတွေကို တတ်အောင် မသင်တော့ဘူး လို့ စွပ်စွဲမှု ဖြစ်လာပြီး ဥပဒေက ကင်းလွတ်သက်သာခွင့်တွေ တရားရုံး မှာ စွဲဆို လျှောက်ထားကြပါတယ်။

မြန်မာပြည်လို အစိုးရရဲ့ တိုက်ရိုက် အမိန့် တွေ၊ စစ်တပ်ထွက် အရာရှိကြီးများရဲ့ သင်ရိုးညွှန်းတမ်း ကို ဝင်ရောက် စွက်ဖက်မှု တွေ လုပ်လို့ မရပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ဥပဒေ နှစ်ခု ကို တောင်မှ မကျေနပ်တဲ့ ပြည်နယ်တွေက တရားရုံးချုပ် (Supreme Court) မှာ တရားစွဲပြီး ဥပဒေက ကင်းလွတ်ခွင့်တွေ တောင်းဆိုခဲ့ကြတာတွေ ရှိပါတယ်။ ရခဲ့တဲ့ ပြည်နယ်တွေလည်း ရခဲ့ပါပြီ။ အမေရိကန် ပညာရေး စနစ်မှာ public (ပြည်သူပိုင် () အစိုးရ အထောက်အပံ့ခံ) ကျောင်း၊ private (ပုဂ္ဂလိက ပိုင်) ကျောင်း စသည်ဖြင့် ပြည်နယ် တစ်ခုချင်းစီ ရဲ့ အကြိုက်နဲ့ အလိုက် အလျောက် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း နေပါတော့တယ်။ ဒါက အမေရိကန် ပညာရေး စနစ် အကြောင်း အကြမ်းဖျင်း ရှင်းပြတာပါ။ လိုသွားတာတွေလည်း ရှိမှာပါ။

ဆက်ရေးချင်ပါသေးတယ်။

ကိုးကားများ

http://maynyane.blogspot.com/2012/05/blog-post.html

http://en.wikipedia.org/wiki/Education_in_the_United_States

http://www2.ed.gov/about/landing.jhtml

Advertisements
This entry was posted in opinion (ကိုယ်ယုံကြည်ရာ) and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s