နိုင်ငံရေးက မှန်သလား မှားသလား ပြောရခက်တဲ့ လူတယောက်ကိုရည်ရွယ်ပါသည်။

အခုတလော ဖတ်ရတာတွေ စိတ်မချမ်းသာလို့ရေးလိုက်ပါတယ်။ နားလည်ပေးလိုက်ပါ။ ခဏစောင့်ပါဦး။ မရှိလို့ ရှိတဲ့လူကို သုံးထားရတာပါနဲ့။ ဗမာပြည်ကလူတွေ ရဲ့ စိတ်ဓာတ်ဘယ်လောက်တောင် အားနည်းသွားပီလည်း ခန့်မှန်းမရပါ။ ကျွန်တော်တို့ ဒီထက်ပိုပီး မစောင့်နိုင်ပါ။ စောင့်လည်း မစောင့်ချင်ပါ။ အချိန်တွေ အသက်တွေ တခြားနိုင်ငံတွေကလည်း ရပ်စောင့်မှာ မဟုတ်ပါ။ ကောင်းအောင် လုပ်ရင်လုပ် မလုပ်ရင်တော့ ဘယ်သူ့ ဘယ်သူမှ သက်ညှာနေစရာမလိုပါ။ ကောင်းအောင် လုပ်မယ့် လူ၊ လုပ်တတ်တဲ့လူကို ရွေးချယ်ရမှာဖြစ်ပါတယ်။

အစိုးရဆိုတာ ကားမောင်းသူနဲ့ တူတယ်။ ပြည်သူဆိုတာ အဲဒီ အစိုးရမောင်းတဲ့ ကားကိုစီးမယ့် ကားပိုင်ရှင်ဖြစ်တယ်။ ကားကတော့ တိုင်းပြည်ဖြစ်တယ်။ မမောင်းတတ်တဲ့ ယာဉ်မောင်းကို ခန့်မိပီဆိုရင် ကိုယ်ရော ကားပါ စောက်ကျိုးနည်းရသလို၊ ကျွမ်းကျင်တဲ့ ယာဉ်မောင်းကြောင့် လိုရာခရီးကို ချောချောမောမောရောက်နိုင်ပါတယ်။ ဆက်စပ်ပီး စဉ်းစားနိုင်ပါစေ။

အငြင်းခုန်ကြပီ ဆိုရင်လည်း အမေရိကန်က ဒါမျိုးလုပ်တာတွေကျတော့ ကော…ပြင်သစ်တို့ အင်္ဂလန်တို့ကရော ကောင်းရဲ့လား၊ မင်းတို့ကရော ဘယ်လောက် လုပ်ပီးဘီလည်း နဲ့…တဖက်လူမှားတာတွေ၊ မှားခဲ့တာတွေကို ထောက်ပြရင်း မိမိတို့လုပ်နေတဲ့ အမှားတွေကို ဖုံးကွယ်ဖို့၊ လျှော့ပါးစေဖို့ လုပ်နေကြတာတွေ မြင်တော့ တော်တော် စိတ်လေတယ်။ ကျွန်တော်တို့က အမှားပြိုင်ကြမှာလား။ အမှားတွေကို လျှော့နည်းအောင်လုပ်ပီး မှန်တဲ့ လမ်းကို ရောက်အောင် သွားကြမှာလား။ အမေရိကန်မှာ ကျောင်းသားတွေ ဆန္ဒပြတာကို ငရုတ်ကောင်းနဲ့ ဖြန်းပီး ဖြိုခွင်းတာ၊ နယူးယောက်က ဝေါလ်စတိမှာ ညဖက် ပန်းခြံထဲက ဆန္ဒပြနေတဲ့လူတွေကို ရိုက်နှက်ဖြိုခွဲတာတွေကို ထောက်ပြပီး၊ သူတို့တောင် မလိုက်နာသေးတာဘဲ။ ငါတို့လည်း ဘာလို့ လိုက်နာရမှာလဲ လို့ ပြောတဲ့ ကိုကိုမမတွေကို မေးချင်ပါတယ်။ ခင်ဗျားတို့က လူ့အခွင့်အရေးကို တကယ်ရော နားလည်ပါရဲ့လား။ တကယ်ရော သိပါရဲ့လား။ လူ့အခွင့်အရေးဆိုတာ တခြားလူတွေ စောင့်ထိန်းပါမှ ခင်ဗျားတို့က လိုက်နာစောင့်ထိန်းမှာလား။ ကျွန်တော်ကတော့ အမေရိကန်မှာ အကြမ်းဖက်နှိမ်နင်းတာကိုလည်း လက်မခံဘူး။ ဗမာပြည်မှာ တရားမဲ့လုပ်နေတာကိုလည်း ဆန့်ကျင်တယ်။ တကယ် ကိုယ်ဘာသာကိုယ် နာနာပေးပီ စမ်းစစ်ကြည့်စေလိုပါတယ်။ ပြောရရင်တော့ ခင်ဗျားတို့တွေ အများမိုးခါးရေသောက်တာကို လိုက်သောက်ကြမှာလား။ ခင်ဗျားတို့ တကယ်နားလည်ရင် လိုက်နာ စောင့်ထိန်းချင်စိတ်ရှိရင်ဒီလိုမျိုး ပြောနေရှင်းနေရတာ မောတယ်ဗျာ။ သူများလုပ်မှ လိုက်လုပ်မယ်ဆိုရင်တော့လည်း ရှင်းရှင်းပြောရရင် သူများချီးစားရင်လည်း ခင်ဗျားတို့လိုက်စားကြဗျာ။ အေးဗျာ။ မဲခိုးပီး နိုင်သွားတာတောင် ငါ့မဲ မပါလို့ မှန် သလား မှားသလား တောင် မပြောရဲတဲ့ တိုင်းပြည်မှာ မနေချင်ပေါင်။ နေလည်း မနေရဲပေါင်။ ပြောသေးတယ်ဗျာ။ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်လို့တဲ့။ ရီတော့ ရီချင်သား။ လူတွေက ကိုယ့် အသားထိမှ နာ၊ ကိုယ်မျက်စိနဲ့ တွေ့မှ ယုံ၊ ကိုယ်တိုင်ကြုံဖူးမှ လက်ခံကြမှာလား။ ကိုယ်က သိပီး ပြောချင်တာကို တောင်မှ ကျန်တဲ့ မျောက်တွေက ရေနဲ့ အပက်ခံရမှာဆိုးလို့ ဝိုင်းဆွဲ၊ ဝိုင်းနှက်ကြတဲ့ ထောင်နဲ့ တူတဲ့ တိုင်းပြည်မှာ ဘယ် ဥာဏ်ရှိတဲ့ မျောက်ပြန်ရဲမှာလဲ။ အဲဒီတော့ဗျာ တိုတို နိဂုံးချုပ်ရရင် စာများများဖတ်ဗျာ။ ကြေးမုံတို့ မြန်မာ့အလင်းတို့၊ အသံတိတ်ဂျာနယ်တို့၊ အလဲဗင်းတို့လောက်ကြီးနဲ့ဘဲ တင်းတိမ်မနေနဲ့။ မသိသေးရင်လည်း သိအောင်လုပ်၊ ရမ်းမပြောနဲ့။ ပြောတော့လည်း ကိစ္စတော့ မရှိပါဘူး။ ရီရတာပေါ့။ ဒါပါဘဲ။

Advertisements
This entry was posted in opinion (ကိုယ်ယုံကြည်ရာ) and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s